Thursday, November 19, 2015

A day at Rangoon( Yangon now and then Rangoon) at MOE coffee shop

A day at Rangoon( Yangon now and then Rangoon)
at MOE coffee shop
36th street,Rangoon
18th, November, 2015
ရန်ကုန်မြို့ကလ္ဘက်ရည်၊ကေါ်ဖီဆိုင်များ
ဒီနေ့မြို့ရောက်တောသားပန်းဆိုးတန်းနှင့်၃၇လမ်းကစာအုပ်ဟောင်းတန်းတွင်ဟိုမွှေဒီမွှေလုပ်ရင်းအချိန်ကျလာသည်မို့လဘက်ရည်တောင့်တလာသည်။ရန်ကုန်တွင်ကထိုင်စရာလ္ဘက်ရည်ဆိုင်ပေါလှသည်။လမ်းဘေးတွင်ကုလားထိုင်ပုလေးများနှင့်ထိုင်၍လမ်းသွားလမ်းလာများကိုငေး
ပြီးသောက်နိုင်သောလမ်းဘေးလ္ဘက်
ရည်ဆိုင်များကလည်းတပုံတပင်။ပွဲစား
ရှေ့နေ၊ဥပဒေဝန်ထမ်းများနှင့်လုပ်ငန်း
ကိစ္စ၊အရောင်းအဝယ်ကိစ္စတိုင်ပင်နိုင်သောလ္ဘက်ရည်ဆိုင်များလည်းရှိသည်။
လ္ဘက်ရည်ကိုအရသာခံသောက်ပြီးအေးအေးဆေးဆေးနားနိုင်သောလ္ဘက်ရည်ဆိုင်များကရှိတော့ရှိသည်။ရှားသည်။
ဒီနေ့တော့နေပြင်းပြီးလူနွမ်းနေတာမို့
အေးအေးဆေးဆေးတယောက်တည်းနားဘို့နီးနီးနားနား၃၆လမ်းအလယ်ဘလောက်က MOE coffeeshopကိုရွေးလိုက်သည။
မှန်တံခါးပိတ်ဖြစ်၍သီးသန့်ဆန်ပြီးပြင်ပဆူညံသံများမှကင်းဝေးသည်။ပူအိုက်နွမ်းနယ်နေရာမှအေးမြမြအရသာခံစားပြီးလ္ဘက်ရည်တငုံခြင်းသောက်ရသည်မှာအရသာရှိလှသည်။ဖွင့်ထားပေးသောအနောက်တိုင်းတေးဂီတများ၏ပံပိုးမှုလည်းပါမည်ထင်သည်။ကေါင်တာမှပိုင်ရှင်က
Foreign Affairsဖတ်နေမှတော့လာသည့်ဖေါက်သည်ကအနောက်တိုင်းတေးဂီတနာခံရုံဘဲပေါ့။ဆိုင်အတွင်းဂီတသံမှလွဲ၍ငယ်ရွယ်သူတို့၏မကြားရသောတွတ်ထိုးသံသာရှိသည်။
ပွဲစားတောဝါကင်းဝေးသည်။လမ်းဘေးဆိုင်များကဲ့သို့အာဘောင်အာရင်းသံသံနှင့်လ္ဘက်ရည်ခွက်ထဲမှမုန်တိုင်းသံများကင်းဝေးသည်။
လ္ဘက်ရည်၊ကေါ်ဖီအအေးစုံသည်။မုန့်ဟင်းဂါး၊အသုပ်စုံ၊အကြော်စုံရသလိုဘာဂါလည်းရသည်။မုန့်လက်ဆောင်းပင်ရသည်။
အနောက်တိုင်းဘားကေါင်တာများတွင်
သောက်သကဲ့သို့ခုံမြင့်တွင်ထိုင်၍
ကေါင်တာတွင်လည်းသောက်နိုင်သည်။
တယောက်တည်းလ္ဘက်ရည်အရသာခံသောက်လိုသူများ၊လက်တွဲဖေါ်နှင့်တွတ်ထိုးလိုသူများအတွက်တော့......
.်